Powered By Blogger

Saturday, July 11, 2020


စီပိုးလူနာတွေအတွက်သတင်းကောင်း
မကြာမီနှစ်များအတွင်း အသည်းရောင်စီပိုးအတွက် ထိုးဆေး Interferon မပါဘဲ စားဆေးချည်းသက်သက် Directly Acting Agents( DAA) မျိုးစုံပေါင်း၍ #၁၂ပတ်ကာလတို ကုရုံဖြင့် ပျောက်ကင်းနိုင်မည့် ဆေးများ ရရှိလာတော့မည်ဖြစ်ပါတယ်။
#Sofosbuvir နှင့် #Ledipasvir ပေါင်း၍ ဆေး () ပြား၊ တစ်နေ့ တစ်ကြိမ်သောက်ရသော ဆေးသစ် စီပိုးအမျိုးအစား () အတွက်ပေါ်နေပါပြီ။ (၁၂) ပတ်ကြာမျှသာ ကုရပါသည်။ အသည်းခြောက်သူများတွင် (၁၆)ပတ်အထိကုရန်လိုပါတယ်။
#3D ဟုခေါ်သော ABT- 450/ombitasvir dasabuvir ဆေး ()မျိုးပေါင်းသည် စမ်းသပ်ဆဲနေဖြစ်ပါတယ်။ ကုထုံးသစ်များ ပျောက်နှုန်းကောင်းလာပြီး အချိန်တိုအတွင်း သုံးစွဲနိုင်သဖြင့် ကုထုံးသစ်များကို အသည်းရောင်စီပိုးကူးစက်မှု ကာကွယ်ရေးအဖြစ် သုံးစွဲရန် စီမံနေကြပါတယ်။ ဆေးသစ်များ စရိတ်စက ကြီးသဖြင့် အဟန့်အတားတစ်ခု ဖြစ်နေပါသည်။

No comments:

Post a Comment