ဂွေးတောက်ရွက်နှင့် သနပ်ခါး "
~~~~~~~~~~~~~~~~~~~~~~~~~~~
နှစ်ရှည်လများ ဒူး၊ခါး၊လက် နာကျင် ကိုက်ခဲနေတဲ့ ဝေဒနာကို ပျောက်ကင်းစေပါတယ် ၄င်းအပြင် ဂေါက်ရောဂါကြောင့်ဖြစ်သော အဆစ်နာကျင် ကိုက်ခဲခြင်းတို့ကိုလည်း သက်သာပျောက်ကင်းနိုင်ပါတယ်။(ကျီးပေါင်းကို စမ်းသပ်ကုသကြည့်ရာ သက်သာသည့် အဆင့်ရနေပြီး ပျောက်ကင်းသည့် ရလာဒ် မရောက်သေးပါ စမ်းလိုက စမ်းသပ်နိုင်သည် အန္တရာယ်မရှိပါ)
ပြုလုပ်ပုံ
ဂွေးတောက်ရွက်ကို ရေ(ရေစိုရုံ)အနည်းငယ် ထည့်၍ ထောင်းပါ ။
ထွက်လာတဲ့ အရည်နဲ့ သနပ်ခါးကို သွေး၍ ခွေးတောက်သနပ်ခါးဆေးရည် ပျစ်ပျစ်ကို....
ဒူးနာခဲ့သော် ( ဥပမာ )
ဒူးကနေစပြီး ခြေဖြားအထိ လိမ်းရခြင်း ဖြစ်ပါတယ်။နာကျင်သည့်နေရာကို နောက်တပြန် ထူထူလိမ်းပေးပါ ။
ထိုနည်းတူစွာ တခြားနာကျင်သည့် နေရာတဝိုက် ကြွက်သားများပါ လိမ်းရန်လိုသည်။
ရောဂါ အနုအရင့် အလိုက် နေ့စဉ် ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ရာဝင်တစ်ကြိမ် ပုံမှန် လိမ်းပေးမယ်ဆို့ သိသိသာသာ ပျောက်ကင်းလာပါလိမ့်မယ်။ကျား မ မရွေးလိမ်းပေးနိုင်ပါတယ်။
ချစ်မိတ်ဆွေများ
အဆစ် အမြစ်
ကိုက်ခဲခြင်း ဝေဒနာမှ
သက်သာ ပျောက်ကင်းကြပါစေ
ဆရာမျိုး(ဆေး)
ရိုးရာတိုင်းရင်း ဆေးနည်းတို

No comments:
Post a Comment