ရောဂါမျိုးစုံအတွက် တန်ဖိုးရှိသော
ရှေးကသမားတော်များရေးသားခဲ့သည့် ဆေးနည်းများ
ရေဖျဉ်းရောဂါပျောက် ဆေးနည်း
- ယမနေမြစ်ကို သွေး၍သောက်ပါ၊ ကိုယ်ကိုလည်း လိမ်းပေးပါ။ (တစ်နည်း)
- ပွေးကိုင်းရွက်နှင့် ဆီးဖြူသီးကိုကြိတ်၍ အရည်ကို တိုက်ပေးပါ။ (တစ်နည်း)
- ပုန်းရည်တစ်ကျပ်သား၊ ဆီနှစ်ကျပ်သား၊ ဆားငါးပဲသား၊ ၎င်းဆေးသုံးပါးအား ကြေးနီခွက်တွင်ထည့်၍ နေလှမ်းပြီး သုံးကြိမ်သောက်ပေးပါ။ (တစ်နည်း)
- ကုက္ကိုခေါက်ကို သုံးခွက်တစ်ခွက်တင် ကျို၍သောက်ပေးပါ။ (တစ်နည်း)
ရေကျောက်ပျောက် ဆေးနည်း
- စောင်းလျားသီးအရည်ကို ညှစ်၍တိုက်ပါ၊ ရေကို တစ်နေ့ နှစ်ကြိမ် သုံးကြိမ် ချိုးပေးပါ။
လိပ်ခေါင်းပျောက် ဆေးနည်း
- တရုတ်စံကားပင် အမြစ်ကို ကျို၍သောက်ပါ။ (တစ်နည်း)
- ၀က်သားတစ်ဆယ်ကျပ်သားနှင့် ဖန်ခါးသီး တစ်ဆယ်ကျပ်သားအားရောချက်၍ တစ်ထိုင်တည်း ဝအောင်စားပါ။ သုံးကြိမ်လောက် အနည်းဆုံး ချက်စားပါ။ (တစ်နည်း)
လေထိုးလေအောင့်ပျောက် ဆေးနည်း
- ခွေးတောက်ရွက်ကို ဟင်းခါးချက်၍ သောက်ပေးပါ။
လည်ပင်းကြီးရောဂါပျောက် ဆေးနည်း
- ကြက်သွန်ဖြူအဆီကို တစ်နေ့ နှစ်ကြိမ်သုံးကြိမ် တိုက်ကျွေးခြင်း၊ အနာကို လိမ်းပေးခြင်းများကို ပြုလုပ်ပေးပါ။ (တစ်နည်း)
- ဟင်းဂလားအရိုင်းပင်၏ အရွက်ကို ကြက်သွန်ဖြူဥတစ်လုံးနှင့် ကြိတ်ပြီး အပြားလုပ်ပါ၊ ၎င်းအပြားကို အနားမှာ ကပ်ပေးပါ။ နံနက် ကပ်လျှင် ညခွာပါ၊ ညကပ်လျှင် နံနက်ခွာပါ၊ နေ့စဉ်ပြုလုပ်ပေး၍ ရက်အနည်းငယ် ကြာသောအခါ နုလျှင်ပိန်ပြီး၊ ရင့်လျှင်ပြည်ပေါက်၍ ပျောက်ကင်းပါသည်။
၀ဲပျောက် ဆေးနည်း
- ကြက်သွန်ဖြူကိုကြိတ်၍ အုန်းဆီနှင့်ဖျော်ပြီး လိမ်းပေးပါ။ (တစ်နည်း)
- ဘုမ္မရာဇာမြစ်ကိုသွေး၍ အုန်းဆီနှင့်ဖျော်ပြီး လိမ်းပေးပါ။ (တစ်နည်း)
- တမာရွက်ကိုကြိတ်၍ ဒိန်ချဉ်နှင့် ရောစပ်၍ လိမ်းပေးပါ။ (တစ်နည်း)
- ကင်ပွန်းသီး လေးပဲသား၊ ကွမ်းသီးကြက်ချေး တစ်ကျပ်သား၊ လေးညှင်း တစ်ကျပ်သား၊ ဆေးဒါန်း တစ်ကျပ်သား၊ ကင်ပွန်းသီး၊ ကွမ်းသီး၊ လေးညှင်း ၎င်း ဆေးသုံးပါးအား ကျွမ်းအောင်လှော်ပြီး အမူန့်ပြုလုပ်ပါ။ ၎င်းဆေးအားလုံးကို ရောစပ်၍ အုန်းဆီနှင့် ဖျော်ပြီး လိမ်းပေးပါက ဝဲစိုဝဲခြောက်ကို ပျောက်ကင်း၏။ (တစ်နည်း)
- ထိကရုံး ပဉ္စငါးပါးအား အခြောက်လှန်း၍ပြာချပြီး ၎င်းပြာကို ရေနံချေးဖြင့် ရောစပ်၍ လိမ်းပေးပါ။ (တစ်နည်း)
- ခရမ်းချဉ်ပင် ပဉ္စငါးပါးအား အခြောက်လှန်း ပြာချ၍ ၎င်းပြာကို ရေနံချေးဖြင့် ရောစပ်၍ လိမ်းပေးပါ။ (တစ်နည်း)
၀က်ခြံပျောက် ဆေးနည်း
- ကွမ်းစားထုံးကို အုံပေးပါ။ ရောင်လျှင် ဇာတိပ္ပိုလ်သီးကို သွေး၍လိမ်းပေးပါ။ (တစ်နည်း)
- ဆေးမြင်းခွာကို ဆန်ဆေးရည်ဖြင့် ကြိတ်၍ တစ်နေ့သုံးကြိမ် လိမ်းပေးပါ။ (တစ်နည်း)
- ကွမ်းစားထုံးကို သြဇာစေ့နှင့်ကြိတ်၍ အနာထိပိကို အုံပေးပါ။ (တစ်နည်း)
- ငရုတ်ကောင်းဂေါ်ရဇင်းနှင့် ကြိတ်၍ ၀က်ခြံရှိသော နေရာတွင် လိမ်းပေးပါ။ (တစ်နည်း)
- သံပရာရည်နှင့် ဇ၀က်သားကိုရောစပ်၍ ၀က်ခြံရှိသော နေရာတွင် လိမ်းကျံပေးပါ။ (တစ်နည်း)
- ကသစ်ဆူးကို သွေး၍ ၀က်ခြံရှိသောနေရာကို လိမ်းပေးပါ။ (တစ်နည်း)
- လက်ပံပင်၏ဆူးကို နို့ရည်နှင့်သွေး၍ လိမ်းပေးပါက ၀က်ခြံ၊ တင်းတိတ်တို့ ပျောက်ကင်း၏။ (တစ်နည်း)
- ညောင်ကြပ်ညွှန့်ကို ပဲပိစပ်နှင့် ကြိတ်၍ လိမ်းပေးပါ။ (တစ်နည်း)
- ကြက်ဆူရွက်အရည်ကို ဘူးစေ့နှင့်ကြိတ်၍ လိမ်းပေးပါ၊ ၀က်ခြံ၊ တင်းတိတ် ပျောက်ကင်း၏။ (တစ်နည်း)
- ရွှေဖရုံသီးအညျာကို ဆန်ဆေးရည်နှင့်သွေး၍ လိမ်းပေးပါ။ (တစ်နည်း)
၀မ်းကိုက်ပျောက် ဆေးနည်း
- ငုရွက်ကို ဟင်းချက်စားပါ။ ကြော်စားပါ။ (တစ်နည်း)
- ချင့်ချိန်၍ သောက်ပါ။ (တစ်နည်း)
- ချင့်ချိန်၍ စားပါ။ (တစ်နည်း)
- ဆားပုတ်တစ်ကျပ်သား၊ ဆားခါးတစ်ကျပ်သား၊ မနကျည်းမှည့် ငါးကျပ်သား ၎င်းဆေးသုံးပါးအား ရောနယ်၍စားပါ။ (တစ်နည်း)
- ငရုတ်ကောင်း တစ်ဆ၊ ချင်းခြောက် နှစ်ဆ၊ လက်ထုပ် ခေါက်လေးဆ ၎င်းဆေးများကို တင်လဲဟောင်းနှင့် ရောနုယ်၍စားပါ။ (တစ်နည်း)
- ရှားစေး တစ်ပဲသား၊ ကွမ်းရွက် ဆယ်ရွက်၊ ကြောင်ပန်းရွက် လက်တစ်ဆုပ် ၎င်းဆေးသုံးပါးအား သုံးခွက်တစ်ခွက်တင်ကျို၍ သောက်ပါ။ (တစ်နည်း)
- မြန်မာလက်ဖက်ခြောက် တစ်ကျပ်သား၊ သကြားတစ်ကျပ်သား၊ ဆီးဖြူသီး တစ်ကျပ်သား ၎င်းဆေးသုံးပါးအား ကြိတ်၍ ကိုးလုး လုံးပါ။ တစ်နေ့သုံးလုံး သောက်ပါ။ သုံးရက်ကြာလျှင်လည်း ပျောက်ကင်း၏။ (တစ်နည်း)
သွေး၀မ်းသွားပျောက် ဆေးနည်း
- ဗာဒံရွက်ကို ကြက်သွန်ဖြူနှင့် ကြော်၍စားပါ။ (တစ်နည်း)
- မန်ကျည်းပွင့်နှင့် ထန်းလျက်ကို ရော၍စားပါ။ (တစ်နည်း)
- ယမနေသီးကို ပြုတ်၍သောက်ပါ။ (တစ်နည်း)
သွေးသန့်၍ အားရှိစေသော ဆေးနည်း
- တမာစေးကို သောက်ခြင်းအားဖြင့် သွေးများသန့်ရှင်းစေပြီး ရက်အနည်းငယ် စွဲသောက်ပါက ကိုယ်အားရှိ၍ လာ၏။
သွေးမစင်ကြယ်မူပျောက် ဆေးနည်း
- တမာခေါက်ကို ရေစိမ်၍ သောက်ပါ။ သွေးမစင်ကြယ်မူ ကင်းဝေးပြီး အဖုအနာများလည်း ပျောက်ကင်းစေသည်။
သွက်ချာပါဒရောဂါ ပျောက်ဆေးနည်း
- တမာဆီကို သွက်ချာပါဒ ရှိသူ၏ အင်္ဂါကြီးငယ်တို့အား လိမ်းကျံပေးခြင်းအားဖြင့် တဖြည်းဖြည်းပျောက်ကင်း၏။
သွားခိုင် ဆေးနည်း
- ရှားစေးကို အမူန့်ပြုလုပ်ပြီး သွားတိုက်ပါ။
သွားနာသွားကိုက်ပျောက် ဆေးနည်း
- ခွေးသေးပန်းရွက် အပင် ပဉ္စငါးပါးကို ကျိုက်ကျိုက်ဆူအောင်ပြုတ်၍ ခပ်နွေးနွေးကို ငုံပေးပါ။ ပိုကိုက်လျှင် မကြောက်ပါနှင့်၊ မကြာခဏ ငုံပေးပါက ပျောက်ကင်း၏။ (တစ်နည်း)
- လက်ပံစေးနှင့် ရှားစေးကို ဆတူရောပြီး အမူန့်ပြုလုပ်၍ သွားနာ၊ သွားကိုက်သောနေရာအား သိပ်ပေးပါ။ (တစ်နည်း)
- တမာရွက်၊ တမာခေါက်တို့ကို ဆူအောင်ပြုတ်ပြီး ခပ်နွေးနွေး ငုံပေးပါ။ (တစ်နည်း)
- တမာရွက်အကြေမ်းကို ကျွမ်းအောင်လှော်ပြီး အမူန့်ပြုလပ်ပါ။ ၎င်းကို သွားနာ သွားကိုက်သော နေရာများတွင် သိပ်ပေးပါ။ (တစ်နည်း)
- မရိုးစေနှင့် နှမ်းဆီရောစပ်၍ သွားကို သိပ်ပေး လိမ်းပေးပါ။ (တစ်နည်း)
- ကြက်ဥခွံ၊ ခဲပုတ် ၎င်းနှစ်မျိုးကို ထောင်း၍ သွားနာ၊ သွားကိုက် သိပ်ပေးပါ။ (တစ်နည်း)
- ကွမ်းသီးကြက်ချေးကိုပြာချ၍ ကျောက်ချဉ်ရှားစေးတို့ဖြင့် အမူန့်ပြုလုပ်ပြီး သိပ်ပေးပါ။ (တစ်နည်း)
- ထနောင်းခေါက်ကို ပြုတ်၍ ၎င်းအရည်ကို မပူမနွေး ငုံပေးပါ။ (တစ်နည်း)
- ခရေပွင့်အစိုကိုကြိတ်၍ သိပ်ပေးပါ။ (တစ်နည်း)
- ကုက္ကိုစေ့သုံးမတ်၊ ငရုတ်ကောင်းစေ့ သုံးမူး ၎င်းဆေးနှစ်ပါးကို ရောစပ်ကြိတ်၍ သိပ်ပေးပါ။ (တစ်နည်း)
- လေးညှင်းပွင့်၊ လေးညှင်းဆီ ရရာကို သွားနာ သွားကိုက်သောနေရာတွင် သိပ်ပေးပါ။ (တစ်နည်း)
- ပိတောက်ရွက်ကို ပြုတ်၍ ခပ်နွေးနွေး ငုံပေးပါ။ (တစ်နည်း)
- ခရမ်းကဆော့ပင်မြစ်ကို သွေး၍ သိပ်ပေးပါ။ (တစ်နည်း)
- လင်းလ၊ ငရုတ်ကောင်း၊ ချီးသီးအမျှစီကြိတ်၍ လိမ်းပေးပါ။ (တစ်နည်း)
- သံပရာရွက်ကိုပြုတ်၍ ကိုက်သောနေရာကို သိပ်ပေးပါ။ (တစ်နည်း)
- ကနစိုအဆံကိုကြိတ်၍ ကိုက်သောနေရာကို သိပ်ပေးပါ။ (တစ်နည်း)
- စမုန်နက်နှင် ယမ်းစိမ်းကို အမျှစီကြိတ်၍ သိပ်ပေးပါ။ ရေနွေးဖြင့့် ပလုပ်ကျင်းပါ။ (တစ်နည်း)
- ကွမ်းစားထုံးနှင့် အိမ်သုံးနနွင်းကို သမအောင်ရောစပ်၍ ကိုက်သော သွားပေါက်ထဲသို့ သိပ်ထည့်ပေးပါ။(တစ်နည်း)
သွေးဖျင်းဖုနာ ဆေးနည်း
- တမာခေါက်ကိုသွေး၍ အနာပေါ်တွင် ထူထူလိမ်းကျံပေးပါ။
သားဖွားမြန်စေရန် ဆေးနည်း
- တမာမြစ်ကို သားဖွားသောမိန်းမ၏ ခါး၌ချည်ထားပေးခြင်းဖြင့် လွယ်ကူစွာသားဖွားစေနိုင်သည်။ သားဖွားပြီးလျှင် ပြီးချင်း ဖြုတ်ပေးပါ။
သွေးထွက်သံယိုပျောက် ဆေးနည်း
- ထုံးကိုနနွင်းနှင့်ရောစပ်၍ သွေးထွက်သောဒဏ်ရာကို သိပ်ပေးပါ။ (တစ်နည်း)
- ကုက္ကိုရွက်ကို ကြိတ်၍ သွေးထွက်၍ ဒဏ်ရာရရှိသော နေရာတွင် သိပ်ပေးပါ။ (တစ်နည်း)
- ခွေးသေးပန်းရွက်ကို ကြိတ်၍ သွေးထွက်သော ဒဏ်ရာကို သိပ်ပေးပါ။ (တစ်နည်း)
- ကြိတ်မှန်ရွက်ကိုကြိတ်၍ သွေးထွက်သောဒဏ်ရာကို သိပ်ပေးပါ။ (တစ်နည်း)
သွေးအန်ရောဂါပျောက် ဆေးနည်း
- ကျောက်ဖရုံသီးကိုကြိတ်၍ အရည်ညှစ်ပြီး သောက်ပေးပါ။
သွေးတက်ရောဂါပျောက် ဆေးနည်း
- သားသည်မိခင်များ သွေးထွက်လျှင် နနွင်းမိူင်းကို ရူပေးပါ။
သံကျ ဆေးနည်း
- လင်းလေးနှင့် ရှိန်ခိုးကိုရောကြိတ်ပြီး ၀မ်းဗိုက်ကိုသုတ်လိမ်းပေးပါ။ အောက်သို့ သပ်ချ၍ လိမ်းပေးပါ။ (တစ်နည်း)
- နကျယ်ကောင်နေသော နကျယ်အုံကိုရေစိမ်၍ အပေါ်ရေကြည်စစ်၍ တိုက်ပါ။ (တစ်နည်း)
- မဖောက်ထုံး၊ ဆေးရွက်ကြီး၊ ရှိန်ခိုး ၎င်းဆေးသုံးပါးကို ကြိတ်၍ အုန်းဆီနှင့်ဖျော်ပြီး ၀မ်းဗိုက်ပေါ်မျာ လိမ်းပေးပါ။ (တစ်နည်း)
- သင်္ဘောသီအစေ့ကို ထန်းလျက်နှင့်နယ်ပြီး စားပါ။ (တစ်နည်း)
- နာနတ်သီးကို ပျားရည်နှင့်လူး၍ စားပါ။ (တစ်နည်း)
- ကြက်ဟင်းခါးရွက် အရည်ကို ညှစ်၍သောက်ပါ။ (တစ်နည်း)
- နာနတ်ရွက် သတ္တုရည်ကို သောက်ပါ။ (တစ်နည်း)
- ဂန့်ဂလာပင်ကိုကြိတ်၍ သတ္တုရည်ကိုသောက်ပါ။ (တစ်နည်း)
- ဘောစကိုင်းရွက်ကိုပြုတ်၍ ပါးပါးလှီးပြီး လက်သုပ်လုပ်၍ စားပါ။ (တစ်နည်း)
သမင်ဖြူနာပျောက် ဆေးနည်း
- ကြက်သွန်ဖြူကို နေ့စဉ် စားသုံးပေးပါ။ (တစ်နည်း)
- နနွင်းခါးနှင့် ပျားရည်ကို ရောစပ်၍ လက်ဖက်ရည်တစ်ဇွန်းခန့် နေ့စဉ်သုံးပေးပါ။ (တစ်နည်း)
- တောင်ဆီးဖြူပင် ပဉ္စငါးပါးကို သံးခွက်တစ်ခွက်တင်ကျို၍ သောက်ပေးပါ။ (တစ်နည်း)
- ခရာမြစ်ကိုသွေးပြီး ဆားအနည်းငယ်ထည့်၍ သောက်ပါ။ (တစ်နည်း)
- မြန်မာနှင်းဆီပန်း၏ ပွင့်ဖတ်များကိုခြွေ၍ ရေနွေးပူပူတွင် ခပ်၍သောက်ပါ။ နေ့စဉ် သောက်ခြင်းဖြင့် ရက်မကြာခင် ပျောက်ကင်း စေ၏။ (တစ်နည်း)
သွေးစုနာပျောက် ဆေးနည်း
- ပျားရည်နှင့် သံပုရာရည်ဆတူရော၍ သောက်ပေးပါ။
အဖျားဖြတ်ဆေးနည်း
- ကြိတ်မှန်ရွက် သုံးဇွန်း၊ ရေနွေး သုံးဇွန်း၊ ပျားရည် နှစ်ဇွန်း ၎င်းဆေးသုံးပါးကို သမအောင်မွှေပြီး အဖျားမတက်မီ ကြိုတင်တိုက်ပါ။
အဖျား၀မ်းသက် ဆေးနည်း
- နာတာရှည်အဖျား ၀မ်းသက်ရှိသူကို တမာခေါက်ကိုပြုတ်၍ ၎င်းအရည်ကို တိုက်ပါ။
အဖျားနာတာရှည်ပျောက် ဆေးနည်း
- နာတာရှည်အဖျားရှိသူသည် အဖျားတငွေ့ငွေ့ တက်နေပါက တမာရွက်ပြုတ်ရည်ကို တိုက်ပေးခြင်း၊ တမာပင်အောက်မှာနေခြင်းများ ပြုလုပ်ပေးပါ။
အနာပဆုပ်ပျောက် ဆေးနည်း
- ပဆုပ်ပနီအုံကို မီးနှင့် ကျွမ်းအောင်လှော်၍ ဆီနှင့်ပြန်ချက်ပါ။ ၎င်းကို လိမ်းပေးပါ။ (တစ်နည်း)
- သနပ်ခါး၏ အမြစ်ကို သွေး၍ လိမ်းပေးပါ။ (တစ်နည်း)
- ဆီးဖြူသီးကို ကြိတ်၍ အုံပေးပါ။ (တစ်နည်း)
- ထိကရုံးပဉ္စငါးပါးကို ကြိတ်၍ အုံပေးပါ။ (တစ်နည်း)
အနာ၀င်ပျောက် ဆေးနည်း
- ထန်းလျက်၊ ကြက်ချေးခြောက်၊ ဆေးတံဆေး ၎င်းဆေးသုံးပါးအား အညီအမျှကြိတ်၍ အနာ၀ချန်ပြီး ကွင်း၍ အနာကို လိမ်းပေးပါ။ (တစ်နည်း)
- ကြိတ်မှန်ရွက်ကို ထန်းလျက်နှင့် ဂုံညင်းဆံ သင့်ရုံထည့်ပြီး သောက်ပါ။ (တစ်နည်း)
အနာပျက်ရောဂါပျောက် ဆေးနည်း
- ဆေးကုသ၍မရသော အနာဟောင်း အနာပျက်များကို တမာရွက်ကိုကြိတ်ပြီး အနာကိုကပ်၍ ပတ်တီးစည်းထားပေးပါက ပျောက်၏။ (တစ်နည်း)
အနာစက်ရောဂါပျောက် ဆေးနည်း
- တမာရွက် တမာခေါက်များကို ပြုတ်၍ အနာကို ဖန်ရည် မကြာခဏ ဆေးပေးပါ။
အနာနှင့် အရိုးပုပ်ပျောက် ဆေးနည်း
- တမာရွက်ကို ထောပတ်နှင့်ရောပြီး ကြော်၍ကြိတ်ပါ။ ဝါဂွမ်းနုနုဖြင့်တို့ပြီး အနာနှင့် အရိုးပုပ်နာများကို ထည့်ပေးပါ။ (တစ်နည်း)
အနာစိမ်းပျောက် ဆေးနည်း
- တမာရွက်ပြုတ်ရည်နှင့် အနာကို ဖန်ရည်ဆေးပြီး တမာဆီကို ထည့်ပေးပါ။ (တစ်နည်း)
- ခွေးထောက်ရွက်ကို မီးကင်၍ မကြာခဏ ကပ်ပေးပါ။ (တစ်နည်း)
အနာပေါက်ပျောက် ဆေးနည်း
- ထုံးနှင့် နနွင်းကို ရောစပ်၍ လိမ်းပေးပါ။ (တစ်နည်း)
- ဖလံတောင်ဝှေးအရွက်ကို မီးကင်ပြီး ကပ်ထားပေးပါက အနာနုလျှင် ပိန်သွားပြီး ရင့်လျှင် ပြည်များပေါက်၍ ပျောက်ကင်းပါမည်။ (တစ်နည်း)
အနာကျက် ဆေးနည်း
- ရှားစေးကို ပျားဖယောင်းနှင့်ရော၍ အနာပေါ်သို့ ကပ်ထားပေးခြင်းဖြင့် အနာ အမြန်ကျက်စေသည်။ (တစ်နည်း)
- တမာရွက်ပြုတ်ရည်ကို ပျားရည်နှင့် ရောစပ်၍ လိမ်းပေးပါက လျင်မြန်စွာ အကျက်မြန်သည်။
အရူးရောဂါပျောက် ဆေးနည်း
- နေ့စဉ် နံနက်စောစော တမာစေ့ နှစ်ကျပ်လေးပဲသားကို ရေစိမ်သောက်ခြင်းအားဖြင့် အရူးရောဂါ ပျောက်ကင်းစေပါသည်။
အရေပြားရောဂါ ပျောက်ဆေးနည်း
- တမာရွက်နုနု ဆယ့်နှစ်ပဲသားကို ကြိတ်၍ ရှာလပတ်ရည် ပြုလုပ်၍ နေ့စဉ်သောက်ပါ။ နှစ်ပတ်ကြာသော် ထူးခြားစွာ သက်သာပျောက်ကင်း၏။ (တစ်နည်း)
- တမာဆီကို ကိုယ်တွင် လိမ်းကျံပေးပါ။ (တစ်နည်း)
အနာပြည်ယိုပျောက် ဆေးနည်း
- အနာများ၌ ပြည်များထွက်၍ ယိုစီးပြီး မပျောက်ရှိခဲ့သော် တမာခေါက်ကို ပြာချ၍ လိမ်းပေးပါ။ (တစ်နည်း)
- ထန်းနို့ခြောက်ကို ပြာချ၍ အုန်းဆီနှင့်ဖျော်၍ လိမ်းကျံပေးပါ။
အနာပြည်ပေါက် ဆေးနည်း
- နွားချေးနှင့် ထန်းလျက်ကိုကြိတ်၍ အုံပေးပါ။ (တစ်နည်း)
- သင်္ဘောကုက္ကိုခေါက်ကို သွေး၍ အနာပေါ်သို့ လိမ်းပေးပါ။ (တစ်နည်း)
- ကွမ်းရွက်ကို မီးကင်၍ အနာပေါ် ကပ်ထားပေးပါ။ (တစ်နည်း)
အဆိပ်မမိရန် ဆေးနည်း
- နေ့စဉ် နံနက်စောစော တမာရွက် လက်တစ်ဆုပ်ကို ဝါးပေးပါက ကိုယ်၌ အဆိပ်ရောဂါ မမိနိုင်။
အဆိပ်ဖြေ ဆေးနည်း
- ကြွက်၊ ကင်း၊ ပုရွက်ဆိန်နီများ စသည့် အဆိပ်ရှိသော သတ္တဝါးများကိုက်ပါက ကိုက်သောနေရာကို သလဲရွက်ကြိတ်၍ ပွတ်ပေးပါ။ (တစ်နည်း)
- သင်္ဘောမယ်ဇလီရွက်ကို အဆိပ်ရှိသော သတ္တဝါကိုက်သည့် နေရာတွင် ပွတ်ပွတ်ပေးပါ။ (တစ်နည်း)
- သံပုရာသီးအရည်ကို သကြားအနည်းငယ် ထည့်၍သောက်ပါက ဘိန်း၊ အရက်မှဖြစ်သော အဆိပ်၊ အစာမှဖြစ်သော အဆိပ်၊ မြွေဆိပ်-ကင်းဆိပ်တို့ ပျောက်ကင်း၏။ (တစ်နည်း)
- တမာရွက်ရည်၊ မုန်ညင်းဆီ၊ ရေ-၎င်းဆေးသုံးပါးကိုချက်၍ အဆိပ်ရှိသော အနာကို လိမ်းပေးပါ။ (တစ်နည်း)
- ကုက္ကိုရွက်အပွင့်၊ အသီး၊ အခေါက်၊ အမြစ် ပဉ္စငါးပါးကို ကြိတ်၍သောက်ပါ၊ မျက်စဉ်းခတ်ပါ။ ရူပါ၊ အဆိပ်ရှိသောအနာကို လိမ်းပါ။ (တစ်နည်း)
- ကျောက်ချဉ်ကို သွေး၍လိမ်းပါ။ (တစ်နည်း)
- ချင်းခြောက်ကို အမူန့်ပြုလုပ်၍ စားပါ။ (တစ်နည်း)
အကြိတ်နာပျောက် ဆေးနည်း
- အကြိတ်နာများ ပေါ်ထွက်လာပါက နနွင်းနှင့် ထုံးကို ရောစပ်၍ လိမ်းပါ။
အကွက်ထခြင်းပျောက် ဆေးနည်း
- ကိုယ်တွင်း အကွက်ထခြင်းနှင့်အခြား ကိုယ်ရေပြားရောဂါများဖြစ်ပါက တမာရွက်ကိုကြိတ်၍ အရည်ကိုပွတ်လိမ်းပါ။
အဖုအကျိတ်ရောင်ပျောက် ဆေးနည်း
- ကိုယ်တွင် အဖုအကျိတ်များ ရောင်တင်းနေပါက တမာဆီကို လိမ်ပေးပါ။
အဆစ်အမြစ်ကိုက်ပျောက် ဆေးနည်း
- တမာအတွင်းသားအခေါက်ကို ရေနှင့်ပျစ်ပျစ်သွေး၍ လိမ်းပေးပါက မကြာခဏ လိမ်းပေးခြင်းအားဖြင့် ပျောက်ကင်း၏။ (တစ်နည်း)
- ပင်လယ်ကသစ်ပင် ပဉ္စငါးပါးကို နုပ်နုပ်စဉ်း၍ တောအရက်နှင့် စိမ်ပြီးလိမ်းပါ။ (တစ်နည်း)
- ရှောက်ရည်နှင့် ဓာတ်ဆီ ရောစပ်၍ လိမ်းပါ။ (တစ်နည်း)
အဖောအရောင်ပျောက် ဆေးနည်း
- ကြောင်ပန်းရွက်၊ သက်ရင်းကြီးရွက်၊ သက်ရင်းကြီးမြစ် ၎င်းဆေးသုံးပါးကိုကြိတ်၍ အရည်ကိုသောက်ပါ။ (တစ်နည်း)
- သင်္ဘောကုက္ကိုခေါက်နျင့် နနွင်းတက်ကို သွေး၍ လိမ်းပေးပါ။ (တစ်နည်း)
- ဒါန်းကြီးရွက်ကို အရည်ညှစ်၍ လိမ်းပေးပါ။ (တစ်နည်း)
- သက်ရင်းကြီးမြစ်ကို သွေးပါ။ ရသောအရည်နှင့် ကြောင်ပန်းရွက်အရည် ရောစပ်၍ သောက်ပါ။ (တစ်နည်း)
- ကနဖော့ ပဉ္စငါးပါးကိုပြုတ်၍ ရေချိုးပါ။ (တစ်နည်း)
- နှမ်းဖတ်ကို ညက်စွာထောင်းပြီး ထန်းဖို ထန်းလျက်နှင့် ရော၍စားပါး။ (တစ်နည်း)
အနာ၀င်ပျောက် ဆေးနည်း
- ကြက်သွန်ဖြူ ဥတစ်လုံကို ငရုတ်ကောင်း ခုနှစ်စေ့ဖြင့် ညက်စွာကြိတ်၍ အုံပေးပါ။ (တစ်နည်း)
- အနာရှိသူ ညှော်မိ၍ ဇက်၊ ခါး တောင့်တင်းပြီး အနာ၀င်နေပါက အုန်းရည်တွင် ငရုတ်ကောင်းမူန့် အနည်းငယ်ထည့်၍ ၀မ်းထဲရောက်အောင် တိုက်ပါ။ တဖြည်းဖြည်း ပျောက်ကင်းပါလိမ့်မည်။
အနာညှော်၀င်ပျောက် ဆေးနည်း
- ကြက်င်းခါးအရွက်ကို ညှော်၀င်၊ ညှော်မိသော အနာအား လိမ်းပေးပါ။
အပူလောင်နာပျောက် ဆေးနည်း
- ကွမ်းရွက်ကို သကြားနှင့်ရောစိပ်၍ ကြိတ်ပြီး အုံပေးပါ။
အူကျရောဂါပျောက် ဆေးနည်း
- ကြက်သွန်နီ ဥတစ်လုံကို ပါးပါးလှီး၍ သကြားတစ်ဖွန်းခန့်ဖြင့် ရေစိမ်ပါ။ တစ်ညခန့်စိမ်ပြီး သောက်ပါက ပျောက်၏။
အသည်းရောင် အသားဝါပျောက် ဆေးနည်း
- ငုပင်၏ ပဉ္စငါးပါးကို သုံးခွက်တစ်ခွက်တင် ကျို၍သောက်ပါ ပျောက်ကင်း၏။ (တစ်နည်း)
- ကြက်မောက်ဆူပင်၏ ပဉ္စငါးပါးကို သုံးခွက်တစ်ခွက်တင်ကျို၍ သောက်ပါ။
အနာပိုးကျပျောက် ဆေးနည်း
- အနာအတွင်းသို့ ပိုးလောက်များကျလာပါက တမာရွက်ပြုတ်ရည်ဖြင့် ဖန်ရည်ဆေးပြီး ဆေးရွက်ကြီးကိုပြာချ၍ သိပ်ပေးပါ။
အရိုးဆက်နည်း
- မြင်းခွာရွက်၊ မိတ်သလင်၊ နနွင်းစိမ်း ၎င်းဆေးသုံးပါးအား ဆတူရောကြိတ်၍ ကျိုးသောနေရာတွင် ကပ်၍ ပတ်တီးစည်းထားပေးပါ၊ အရိုးပြန်ဆက်၍ ပျောက်ကင်း၏။
အသံ၀င်ပျောက် ဆေးနည်း
- ကင်ပါန်းသီးတစ်တောင့်ကို မီးကျွမ်းအောင်ဖုတ်ပါ၊ ဆားမီးဖုတ်နှင့်ရောစပ်၍ ပျားရည်နှင့်ဖျော်ပြီး စားပါ။
အသားမာပျောက် ဆေးနည်း
- သွတ်ကြီးမြစ်ကို ဆန်ဆေးရည်နှင့်သွေး၍ အသားမာရှိသောနေရာကို မကြာခဏ လိမ်းပေးပါ။
အဆစ်ရောင်ရောဂါပျောက် ဆေးနည်း
- ကသစ်ရွက်ကို ကြိတ်၍ လိမ်းပေးပါက ပျောက်၏။
အမွေးကျွတ်စေသော ဆေးနည်း
- ဆေးဒန်းနှင့် ကန့်ကိုကြိတ်၍ နာနတ်သီးမှည့် အရည်ဖြင့် ရောစပ်ပြီး လိမ်းပါ။ (တစ်နည်း)
လူတိုင်းလူတိုင်း ကြီးပွားချမ်းသာလိုစိတ် ရှိကြသည်။ ကြီးပွားချမ်းသာစေနိုင်သော စွမ်းရည်သတ္တိတွေလည်း များစွာရှိကြသည်။
ကြီးပွားချမ်းသာရေးအတွက် မိမိတုိ့ကြားဖူးနား၀ရှိသမျှနှင့် နေ့မအားညမအား လုပ်ကိုင်ကြသော်လည်း လုပ်သလောက် အကျိုးမခံစားကြရပေ။
နည်းမှန်လမ်းမှန် မရှိခြင်းကြောင့် မဟုတ်၊ မသိခြင်းကြောင့်သာ ဖြစ်ပေသည်။
သုတေသီဇေယျာမင်း၏ မြန်မာ့ဆေးမှီးတိုများ စာအုပ်မှ ကောက်နုတ်တင်ပြပေးထားသည်။
Credit....
ပြန်လည်မျှဝေပါသည်
မြန်မာ့ဆေးနည်းတိုနှင့်ကျန်းမာရေဗဟုသုတများ။

No comments:
Post a Comment